Hello MIUI-er's,
Xiaomi ဟာ Update အသစ်ထွက်တိုင်း ထူးခြားဆန်းတဲ့ လုပ်ဆောင်ချက်လေးတွေ ထည့်သွင်းပေးတတ်တာကို ကျွန်တော်တို့အားလုံး သိပြီးသားဖြစ်မှာပါ။ ဒါကြောင့် ဒီတစ်ချိန်မှာလည်း အခြားသော Android Platform တွေမှာ မပါဝင်သေးတဲ့ ထူးခြားတဲ့ လုပ်ဆောင်ချက်အသစ်တစ်ခုကို ထည့်သွင်းပေးခဲ့ပါတယ်။ အဲ့ဒါကတော့ MIUI V8 မှာ အသစ်ပါဝင်လာတဲ့ "Second Space (ဒုတိယနေရာ)" ဆိုတာလေးပဲ ဖြစ်ပါတယ်။ Windows OS တွေမှာဆိုရင် တစ်ခုက ရုံးသုံးအကောင့်၊ တစ်ခုက အိမ်သုံးအကောင့်ဆိုပြီး အကောင့်တွေအများကြီးထားလို့ရတာ သတိပြုမိကြမှာပါ။ အဲ့ဒါနဲ့ အလားသဏ္ဍန်တူတဲ့ MIUI 8 မှာပါလာတဲ့ Second space ဆိုတဲ့လုပ်ဆောင်ချက်ကိုသုံးပြီး မတူညီတဲ့ အက်ပလီကေးရှင်းတွေ၊ ဓာတ်ပုံတွေ၊ ဖိုင်တွေနဲ့ သီးသန့်တစ်နေရာ ဖန်တီးနိုင်ပါတယ်။ ဖုန်းတွင်းပိုင်း ဆက်တင်တွေကိုလည်း သက်သက်ချိန်ညှိထားလို့ရပါတယ်။ ဆိုလိုတာက နောက်ထပ်ဖုန်းတစ်လုံးကို သုံးနေရသလိုပါပဲ။ အံ့ဩသွားသလား...... အသေးစိတ်ထပ်ပြီး ရှင်းပြပေးပါ့မယ်။
ကျွန်တော်တို့အားလုံးဟာ ဖုန်းကို ပုံသေသတ်မှတ်ချက်အနေနဲ့ Main space (အဓိကနေရာ) မှာပဲ အသုံးပြုနေကြတာပါ။ App တွေ၊ ဓာတ်ပုံတွေ၊ သီချင်းတွေနဲ့ အခြားသောဖိုင်တွေကို အဓိကနေရာမှာပဲ သိမ်းဆည်းထားပါတယ်။ အဓိကနေရာမှာရှိနေတဲ့ဒေတာတွေ မပါဘဲနဲ့ နောက်ထပ်နေရာလွတ်တစ်ခု ထပ်ရမယ်ဆိုရင် ဘယ်လိုနေမလဲဗျ.... ဆိုလိုတာက သင့်မှာ ဖုန်းအသစ်တစ်လုံးရှိနေသလိုမျိုး ဒုတိယနေရာတစ်ခုရှိနေမယ်ဆိုရင်ပေါ့။ သိပ်မရှင်းသေးဘူးလား။ ကျွန်တော်သဘောပေါက်ပါတယ်.... ဒါကြောင့်လည်း ဒီလုပ်ဆောင်ချက်နဲ့ပက်သက်ပြီး ရှင်းပြပေးမယ့်အချိန်မှာ ကျွန်တော်ပုံလေးတွေနဲ့ ရှင်းပြပေးမှာပါ။
Second Space (ဒုတိယနေရာ) ကိုသုံးဖို့ ဘယ်လိုစမလဲ
Settings --> Second Space ထဲကိုဝင်ပါ။
အထဲရောက်ရင် "Turn on Second space" ဆိုတာကို နှိပ်လိုက်ပါ။ (ပုံ - ၁)
အောက်မှာပြထားတဲ့ နောက်ထပ်နေရာလွတ်တစ်ခုဖြစ်တဲ့ Second space ထဲကို ရောက်သွားပါပြီ။ (ပုံ - ၂)
Second space ဖွင့်ပြီး ဆက်လက်လုပ်ဆောင်ရမယ့်အချက်များ
"Manage" ဆိုတာကိုနှိပ်ပြီး အောက်ကပုံလေးတွေအတိုင်း လိုက်လုပ်ပေးပါ။ (ပုံ - ၃ နဲ့ ပုံ - ၄)
Password (လျို့ဝှက်နံပါတ်) သတ်မှတ်ပေးပြီးတာနဲ့ "Next" ကိုနှိပ်ပြီး အောက်မှာပြထားတဲ့ပုံလေးတွေအတိုင်း ရှိနေချင်တဲ့ ဖိုင်တွေ၊ ဓာတ်ပုံတွေ၊ သီချင်းတွေကို Second space ဆီကို တင်သွင်းပါ။ (ပုံ - ၅)
ကဲ... လျှို့ဝှက်နေရာဖြစ်တဲ့ Second space အတွက် သတ်မှတ်စရာတွေ ပြီးပါပြီ။ (ပုံ - ၆)
ဆက်တင်တွေကို ပြန်ပြောင်းချင်ရင်လည်း အောက်ကပုံထဲမှာ ပြထားတဲ့အတိုင်း Manage ထဲကိုဝင်ပြီး စိတ်ကြိုက်ပြင်ဆင်သတ်မှတ်နိုင်ပါတယ်။ (ပုံ - ၇)
နောက်ပိုင်းမှာ ဒေတာတွေ ပြောင်းချင်ရွှေ့ချင်တယ်ဆိုရင် Home screen ပေါ်မှာရှိတဲ့ Move Data ထဲဝင်ပြီး First space မှာရှိတဲ့ ဘယ်ဒေတာကိုမဆို Second space ထဲကို ပြောင်းနိုင်ရွှေ့နိုင်ပါတယ်။ (ပုံ - ၈)
Move Data ထဲဝင်လိုက်ရင် App settings ဆိုတာလေးကို တွေ့ရပါလိမ့်မယ်။ အဲ့ဒီ App settings ထဲမှာ App တစ်ခုချင်းစီကို First space မှာသုံးမလား၊ Second space မှာသုံးမလား၊ ဒါမှမဟုတ် Space နှစ်ခုစလုံးမှာ သုံးမလားဆိုတာ ရွေးနိုင်ပါတယ်။ အောက်ကပုံလေးတွေထဲမှာ ကျွန်တော် နမူနာအနေနဲ့ ထားပြထားပါတယ်။ (ပုံ - ၉)
First space ကို ဘယ်လိုပြန်သွားမလဲ
Space တစ်ခုနဲ့တစ်ခု အကူးအပြောင်းလုပ်ဖို့က နည်းလမ်းနှစ်နည်း ရှိပါတယ်။
ပထမနည်းလမ်း
Home screen ပေါ်မှာရှိတဲ့ Switch space icon လေးကိုနှိပ်ပြီး First space နဲ့ Second space နှစ်ခုဆီကို အပြန်အလှန် သွားနိုင်ပါတယ်။
Second space မှ First space (ပုံ - ၁၀)
First space မှ Second space (ပုံ - ၁၁)
ဒုတိယနည်းလမ်း
ဖုန်းကို Lock လုပ်လိုက်ပါ။ ကိုယ်ဝင်ချင်တဲ့ Space ဆီကို ဝင်ဖို့အတွက် သက်ဆိုင်ရာ Space တစ်ခုချင်းစီရဲ့ Password ကို ရိုက်ထည့်ပေးပါ။
First space ထဲဝင်ချင်တယ်ဆို First space ရဲ့ Password or Pattern ကို ထည့်ပေးပါ။ Second space ထဲဝင်မယ်ဆိုရင်တော့ Second space ရဲ့ Password or Pattern ထည့်ပေးရုံပါပဲ။
ကျွန်တော့်အနေနဲ့ကတော့ ဒုတိယနည်းလမ်းကို ပိုသဘောကျပါတယ်။ Lock screen ကနေ ကိုယ်ဝင်ချင်တဲ့ Space ဆီကို တန်းဝင်လို့ရလို့ပါ။
Second Space ကို ဘယ်လိုဖျက်မလဲ
ဟုတ်ကဲ့။ တကယ်လို့ Second space ကို ပြန်ဖျက်ချင်ပြီဆိုရင်လည်း သိပ်ခက်ခက်ခဲခဲလုပ်စရာမလိုဘဲ ဖျက်ပစ်လို့ရပါတယ်။
"Manage" ကိုဖွင့်ပါ။ အောက်ကိုပွတ်ဆွဲလိုက်ပြီး Delete ဆိုတဲ့ လုပ်ဆောင်ချက်ကို ရှာပါ။ တွေ့ရင် နှိပ်လိုက်ပါ။သင့်ကို ဖျက်မလားဆိုတဲ့ သတိပေးချက်တစ်ခု ပေါ်လာပါလိမ့်မယ်။ Continue ကိုဆက်နှိပ်ပေးပါ။ (ပုံ - ၁၂)
အောက်မှာပြထားတဲ့ပုံလေးထဲကအတိုင်း Second space ထဲက ကိုယ်ရွှေ့ထားချင်တဲ့ဒေတာတွေကို First space ဆီကို ပြန်ရွှေ့ထားလို့ ရပါတယ်။ ပြီးရင် Continue ကိုနှိပ်လိုက်ပါ။ (ပုံ - ၁၃)
အခုဆိုရင်တော့ လျှို့ဝှက်နေရာတစ်ခုလို လုပ်ထားတဲ့ Second space ကို ဖျက်ပစ်လိုက်ပြီဖြစ်ပါတယ်။
Second Space ကို ဘယ်လို အကျိုးရှိရှိ အသုံးချမလဲ
ဒီမေးခွန်းအတွက် အဖြေကတော့ အမှန်အတိုင်းပြောရရင် သုံးစွဲသူအပေါ်မှာပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ ဒီလုပ်ဆောင်ချက်ဟာ ဘယ်လိုအလုပ်လုပ်လဲဆိုတာကိုပဲ တိတိကျကျ ပြောပြပေးနိုင်မှာပါ။ ဆိုကြပါစို့.... သင်ဟာ ဒီဟာနဲ့ အလားသဏ္ဍန်တူတဲ့ Child mode သို့ Guest mode လိုမျိုး သုံးမယ်ဆိုပါစို့။ သင်ဟာ App တစ်ချို့ကိုတော့ ခွင့်ပြုချက်ပေးရမှာပါပဲ။ အဲ့ဒီအခါ အခြားသုံးတဲ့သူတွေက သူတို့ကို သင်ဟာ ကန့်သတ်ပြီးမှ ပေးတယ်ဆိုတာကို သိနိုင်ပါတယ်။ ဒါပေမယ့် "Second space" ကို သုံးမယ်ဆိုရင်တော့ သင်ဟာ သင်ကိုယ်တိုင်အတွက် လျှို့ဝှက်နေရာတစ်ခုကို ပြုလုပ်ထားသလို ဖြစ်နေမှာ ဖြစ်ပြီး ဒါကို သင်ကိုယ်တိုင်ကလွဲပြီး ဘယ်သူမှလည်း သိမှာမဟုတ်ပါဘူး။ နောက်ပြီး သင့်သူငယ်ချင်းတွေကိုလည်း First space ကို ပေးသုံးထားတာဖြစ်တဲ့အတွက် သူတို့ကို ကန့်သတ်ထားတယ်ဆိုတာကို သိကြမှာမဟုတ်ပါဘူး။
Credits: MIUI 8 Developers, you guys really rock!!
Thanks and Regards,
Raaj
Credit to Original post owner from MIUI Global Forum. (ပို့စ်လင့်တင်ပေးဖို့အတွက် ဆာဗာဒေါင်းနေလို့ ဝင်လို့မရလို့ပါ)