Friday, July 29, 2016

MIUI V8 မှာ Built in ပါလာတဲ့ Default Video Editor ကို အသုံးပြုခြင်း

Xiaomi ရဲ့ နောက်ဆုံးထွက် MIUI Version 8 မှာ အရင်ဗားရှင်းတွေနဲ့ မတူဘဲ ပြုပြင်ပြောင်းလဲမှုတွေ အများ ကြီးလုပ်ခဲ့တာကို အသုံးပြုသူ တော်တော်များများလည်း သိပြီးသား ဖြစ်မှာပါ။ အဲ့ဒီ ထပ်ထည့်ထားတဲ့ လုပ်ဆောင်ချက်ကလေးတွေထဲကမှ Video Editor လေးအကြောင်းကို ပြောပြပေးပါမယ်။ ဒီ Editor လေးက အခြေခံကျတဲ့ တည်းဖြတ်ခြင်းတွေကိုပဲ လုပ်နိုင်ပါလိမ့်မယ်။ အဆင့်မြင့်လုပ်ဆောင်ချက်တွေကို မပါပါဘူး။ သိပြီးသားသူတွေကတော့ ကျော်သွားလိုက်ပါခင်ဗျာ။

အရင်ဆုံး Gallery ထဲက Video ဖိုဒါထဲကို ဝင်ပါ။

ဗီဒီယိုဖိုင်တစ်ခုကို ရွေးလိုက်ပါ။ ကျွန်တော် နမူနာ တစ်ခုရွေးပြီး လုပ်ပြပါ့မယ်။

အောက်က Menu ထဲက Edit ကိုနှိပ်လိုက်ပါ။

လုပ်ဆောင်လို့ရတဲ့ Menu လေးတွေကို တွေ့ရမှာပါ။ 

Trim - ဗီဒီယိုဖိုင်လေးထဲကမှ ကိုယ်လိုချင်တဲ့ နေရာလေးတွေကို ဖြတ်ပြီး ယူလို့ရပါတယ်။

Filter - ဗီဒီယိုဖိုင်ထဲကို အရောင်လေးတွေ ထပ်ထည့်ပေးတာပါ။ သူနဂိုပါတဲ့ အရောင်လေးတွေထဲက တစ်ချို့ကိုတော့ ဒေါင်းလုဒ်ပြုလုပ်ပေးရပါတယ်။ ဒီနေရာမှာတော့ China rom သုံးတဲ့သူဆို သူ့ Mi Market ကနေ ဒေါင်းလုဒ်ယူရမှာပါ။ Global rom သုံးတဲ့သူတွေကတော့ အဆင်မပြေပါဘူး။

Text - ဗီဒီယိုထဲမှာ စာရေးတာပါ။ လက်ရှိအချိန်မှာတော့ ဗီဒီယိုအစမှာပဲ ဇာတ်ကားနာမည်ရေးသလိုပဲ ရပါသေးတယ်။ ဖောင့်တွေလည်း ပြောင်းလို့ရပါတယ်။

Audio - ဗီဒီယိုထဲကို နောက်ခံသီချင်းထည့်တာပါ။ သူနဂိုပါတဲ့ တီးလုံးလေးတွေ ထည့်လို့ရသလို ကိုယ့်ဘာသာကိုယ်လည်း ကိုယ့်ဖုန်းထဲက သီချင်းတွေကို ထည့်လို့ရပါတယ်။ သူနဂိုပါတဲ့ တီးလုံးလေးတွေကတော့ ဒေါင်းလုဒ်ပြုလုပ်ပေးရပါတယ်။ ဒီနေရာမှာတော့ China rom သုံးတဲ့သူဆို သူ့ Mi Market ကနေ ဒေါင်းလုဒ်ယူရမှာပါ။ Global rom သုံးတဲ့သူတွေကတော့ အဆင်မပြေပါဘူး။


အကုန်ပြီးသွားရင် အမှန်ခြစ်လေး နှိပ်ပေးလိုက်ပါ။ Encode လုပ်ပါလိမ့်မယ်။

အောက်က ကျွန်တော် အစမ်းသဘောနဲ့ လုပ်ပြထားတဲ့ဗီဒီယိုဖိုင်လေးပါ။


အားလုံးပဲအဆင်ပြေပါစေ။

No comments:

Post a Comment