Firmware ရှာတဲ့အခါမှာ Xiaomi ရဲ့အားနည်းချက်က Battery နောက်ကျောမှာ Model နံပတ် မရေးထားပါဘူး။ ဒါကြောင့် Firmware ပြန်ရှာတဲ့အခါမှာ အခက်အခဲတွေ တွေ့ရတတ်ပါတယ်....
ဒီပြသာနာကို ဖြေရှင်းဖို့အတွက် Gsm Developers Team အဖွဲ့မှ မန်ဘာတစ်ဦးဖြစ်တဲ့ Habeeb Kambrath မှ အသုံးပြုရလွယ်ကူအောင် Tools လေး တစ်ခု ထုတ်ထားပါတယ်... အဲ့ Tools ရဲ့ အားသာချက်ကတော့ မိမိရဲ့ဖုန်း battery အနောက်ကျောမှာ ရှိတဲ့ ဂဏန်းတွေကို အဲ့ဒီ Tools ထဲမှာ ရှာလိုက်ယုံပါဘဲ...
ဒါဆိုရင် သူနဲ့ သက်ဆိုင်တဲ့ Model တွေ ကျလာပါလိမ့်မည်။ အဲ့ဒီအခါကျရင် Firmware ရှာရတာ လွယ်ကူသွားပါလိမ့်မည်။
ဥပမာ မိမိရဲ့ဖုန်း battery အနောက်ကျောက 2014811 ဆိုပါစို့။
Model Name မှာ မိမိရဲ့ ကုဒ်ကို ရှာလိုက်ပါ။ ပြီးရင် Find ကို နှိပ်ပါ။ ဘေးက အကွက်မှာ Model No ကျလာပါလိမ့်မည်။
ပြီးရင် ဒီနေရာမှာ Firmware သွားဒေါင်းယုံပါဘဲ။
Xiaomi Rom များ ဒေါင်းလုဒ်ရယူရန်
Credict to: Ko Aung Min Han

No comments:
Post a Comment