Sunday, July 31, 2016

Facebook တွင် See Conversion / ဖောင့်ပြောင်းကြည့်ပါ ဇွတ်ဖော်နည်း



Fb မှာ See Conversion / ဖောင့်ပြောင်းကြည့်ပါ မပေါ်တဲ့သူတွေ translation ကို Burmese ရွေးမရတဲ့လူတွေအတွက်ပါ။ လုပ်တာကတော့ browser ထဲမှာလုပ်ရပါမယ်။ လုပ်ပြီးသွားရင် app မှာ logout လုပ် login လုပ်လို့ ကံကောင်းရင်တော့ See Conversion ပေါ်နေပါလိမ့်မယ်။

1.  https://touch.facebook.com/  ကို Browser မှာဖွင့်ပြီး login လုပ်ပါ (Chrome Browser မှာစမ်းထားပါ တယ်)

2.  https://touch.facebook.com/settings  ကိုသွားပါ (ဒီက copy ကူးဖို့ အဆင်မပြေရင် http://pastebin.com/9zsws2wY  ကိုဖွင့်ကူးပါ)

3. javascript:(function()%7Bels%20%3D%20document.getElementsByName('primarydialect')%3Bfor%20(i%20%3D%200%3B%20i%20%3C%20els.length%3B%20i%2B%2B)%20%7B%20%20els%5Bi%5D.value%20%3D%20'my_MM'%20%7Ddocument.getElementsByTagName('form')%5B0%5D.submit()%7D)() ကို copy ကူးပါ (ဒီက copy ကူးဖို့ အဆင်မပြေရင် http://pastebin.com/9zsws2wY  ကိုဖွင့်ကူးပါ။ ရှေ့က javascript: ဆိုတာလေးက paste လုပ်လိုက်ရင် မပါဘူးဖြစ်နေတတ်ပါတယ် အဲဒီအခါ လက်နဲ့ javascript: ဆိုပြီး ပြန်ရေးပြီမှ enter နှိပ်ပါ။)

4. copy ကူးထားတာကို browser address bar မှာ paste ပြီး enter နှိပ်လိုက်ပါ။

5. Facebook app မှာ logout လုပ်ပါ login ပြန်လုပ်ပါ

6. ဆုတောင်းပါ :P See Conversion ရပါပြီ။

Credict to Ko Thant Thet (Myanmar Unicode Area)

ဒီနည်းလမ်းလေးက မြန်မာယူနီကုဒ်ဧရိယာ (MUA) မှ ကိုသန့်သက်က ပြုလုပ်ပေးထားတဲ့နည်းလေးပါ။ See conversion/ ဖောင့်ပြောင်းကြည့်ပါ ဆိုတာလေးက ဖေ့စ်ဘွတ်ပေါ်မှာရှိတဲ့ ဇော်ဂျီနဲ့စာတွေကို ယူနီကုဒ်အဖြစ်ကို ပြောင်းလဲဖော်ပြပေးတဲ့ လုပ်ဆောင်ချက်လေးပါ။ Facebook အဖွဲ့အစည်းကြီးကနေ တရားဝင် ထည့်ပေးထားတဲ့ လုပ်ဆောင်ချက်ပါ။ တစ်ခါပျောက်သွားခဲ့ပေမယ့် ပြန်ပြီးရအောင်လို့ Manual နည်းနဲ့ Force လုပ်ပြီး ဖျောက်ထားတဲ့လုပ်ဆောင်ချက်ကို ပြန်ခေါ်လိုက်တာပါ။ ယူနီကုဒ်ကို စတင်အသုံးပြုမယ့်သူတွေအတွက် Facebook က ဇော်ဂျီနဲ့ရေးထားတဲ့စာတွေကို ဖောင့်ပြောင်းကြည့်ပါ ဆိုတာလေးနှိပ်လိုက်ရုံနဲ့ အလွယ်တကူ ဖတ်လို့ရလို့ အဆင်ပြေစေပါတယ်။ ကျေးဇူးအထူးတင်ပါတယ်... ကိုသန့်သက်ခင်ဗျာ။

See conversion/ ဖောင့်ပြောင်းကြည့်ပါ ဆိုတာလေး သုံးတာကို အောက်မှာ ပုံလေးနဲ့ပြထားပါတယ်ခင်ဗျာ။



အဆင်ပြေပါစေခင်ဗျာ။

No comments:

Post a Comment