(MIUI ROM အတွက် Paid theme တွေ အသုံးပြုနိုင်ဖို့ ရည်ရွယ်ပါတယ်။)
Xposed သုံးတော့မယ်ဆိုတော့ ထုံးစံအတိုင်း BootLoader Unlock လုပ်ပြီးသား ဖြစ်ရပါမယ်။ Root ဖောက်ပြီးသား ဖြစ်ရပါမယ်။ TWRP Recovery သွင်းပြီးသားဖြစ်ရပါမယ်။ ဒါတွေပြီးမှ အောက်ကိုဆက်ဖတ်ပါ။
Xposed Installer ဆိုတာက MIUI မှာတော့ Paid theme ကို Free သုံးလို့ရအောင် လုပ်ဖို့အတွက် အဓိက အသုံးပြုကြပါတယ်။ အခြားလုပ်ဆောင်နိုင်စွမ်းတွေကတော့ အများကြီးပါ။ Xposed framework ဆိုတာက တကယ်တော့ အခြေခံ Base ထားတဲ့အရာတစ်ခုပါပဲ။ အဓိက အလုပ်လုပ်မှာက Module လေးတွေပါ။ သက်ဆိုင်ရာ Module တွေသာ သွင်းထားမယ်ဆိုရင် ဖုန်းတစ်ခုလုံးဟာ ကိုယ့်ခြေကိုယ့်လက်ပါပဲ။ လိုသလို ပြုပြင်ယူလို့ ရပါတယ်။
အောက်က Framework zip နဲ့ Xposed installer ကိုဒေါင်းပါ။ ပြီးရင် Framework zip ကို TWRP ကနေ အရင်သွင်းပါ။ Framework zip သွင်းပြီးမှ Xposed installer ကို သွင်းပါ။ ပြီးရင် Xposed installer>> Module ထဲဝင်ပြီး သွင်းထားတဲ့ Module တွေကို On ပေးလိုက်ပါ။ ပြီးရင် Reboot လုပ်ပေးပါ။ ပြန်တက်လာရင် ရပါပြီ။ Theme store ထဲက Paid theme တွေ၊ ကိုယ့်ဟာကို အပြင်က ဒေါင်းထားတဲ့ Theme တွေ၊ ဖောင့်တွေကို Third party error မရှိဘဲ စိတ်ကြိုက်သုံးလို့ရပါပြီ။
Xposed Framework Zip
Xposed Installer apk
Paid theme xposed module
Theme authorization module
အဆင်ပြေပါစေ။
သင်ဆရာ မြင်ဆရာများကို ကျေးဇူးတင်ပါတယ်။
No comments:
Post a Comment