Saturday, July 2, 2016

IMEI ဘယ်လိုပြန်ရေးမလဲ



မင်္ဂလာပါ။ ကျွန်တော်ကိုင်နေသုံးနေတဲ့ ဖုန်းက Xiaomi Redmi Note 3 Pro ပါ။ လွန်ခဲ့တဲ့ လေးရက်လောက်က ကျွန်တော် Unofficial MIUI V6.5.10 Beta rom Android version 6.0.1 ကို ကျွန်တော့်ဖုန်းမှာ စမ်းသပ်ကြည့်ချင်ဇောနဲ့ TWRP Recovery ကနေ တင်ခဲ့ပါတယ်။ သုံးကြည့်ရသလောက် Stable မဖြစ်ဘဲ FC တွေ တော်တော်များများ ကြုံတွေ့ခဲ့ရတဲ့အတွက် MIUI Global 6.4.28 Beta rom Android 5.1.1 ကို TWRP ကနေ ပြန်ပြီး တင်ခဲ့ပါတယ်။ ပြဿနာက စပါပြီ။ Rom တင်တာ Successfully လို့ပြပြီး Mi Logo တစ်ချက်ပေါ်၊ Vibration တစ်ချက်တုန်ပြီး ပြန်ပိတ်သွားခဲ့ပါတယ်။ အဲ့ဒါနဲ့ Recovery ထဲကနေ Rom ပြန်တင်ကြည့်မယ်ဆိုပြီး Recovery ထဲဝင်တော့ ဝင်လို့မရတော့ပါ။ Recovery ကို ခေါ်လို့ကို မရတော့ပါ။ အာ့နဲ့ အသက်ကယ်ဆေးလေး Fastboot rom တင်မလို့ လိုက်ရှာဖတ်ကြည့်ရသလောက် Windows 64bit Computer နဲ့မှ ရမယ်လို့ပြောပါတယ်။ ကျွန်တော့်မှာရှိတဲ့ 64bit PC က adb driver မသိပါ။ 32bit PC ကတော့ adb သိပါတယ်။ အာ့နဲ့မတတ်နိုင်တဲ့အဆုံး ဆိုင်ပို့လိုက်ရပါတော့တယ်။ ဆိုင်က Fastboot rom ပြန်တင်ပေးပြီး အိမ်ပြန်ယူလာတဲ့အချိန်မှာ Sim card မဖတ်တော့ပါ။ Sim tray ကိုစစ်ကြည့်တော့လည်း မပျက်ပါ။ Sim card လည်း မပျက်ပါ။ ဖုန်းကို လိုက်စစ်တော့မှ Baseband version က Unknown ဖြစ်နေပြီး IMEI က Unknown ဖြစ်နေတာကိုတွေ့ပါတယ်။ အဲ့မှာ လိုက်ရှာပြီး Try ရပါတော့တယ်။

Redmi Note 3 SD Toolkit နဲ့လုပ်ကြည့်တဲ့အခါ Baseband version ပြန်ပေါ်လာပါတယ်။ သူ့ Original Baseband version တော့ မဟုတ်တော့ဘူးပေါ့။ အဲ့မှာ Sim card ပြန်ဖတ်ပါတယ်။ IMEI ကတော့ unknown မဟုတ်တော့ဘဲ 0 ဖြစ်သွားပါတယ်။ အဲ့ဒီမှာ IMEI အတွက် ထပ်ကြိုးစားရပါတယ်။ ရှာဖတ်ကြည့်ရသလောက် MTK Chipset အတွက်ရေးထားတဲ့ IMEI Tool တွေပဲ တွေ့ခဲ့ရတယ်။ RN 3 Pro မှာသုံးထားတာက SnapDragon 650 Chipset ပါ။ MIUI Global forum ထဲမှာတွေ့တဲ့ ပို့စ်တွေလည်း စမ်းခဲ့တယ်... မရခဲ့ပါဘူး။ အဲ့မှာ ပို့စ်တစ်ခုအောက်က Comment တွေထဲမှာ WriteDualIMEI W_G  ဆိုတာလေး သွားတွေ့ပါတယ်။ အာ့လေးနဲ့ ရေးလိုက်တော့မှ IMEI ပြန်ရသွားခဲ့ပါတယ်။ ဒါ ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးနဲ့ လုပ်ခဲ့ရတဲ့ နည်းလမ်းတွေကို ပြန်ပြောပြတာပါ။

လိုအပ်တဲ့ဆော့ဝဲတွေကတော့

Redmi Note 3 Toolkit for SnapDragon

http://www.miuidroid.com/update.exe

MIUI Forum Link : http://en.miui.com/forum.php?mod=viewthread&tid=246711&extra=&page=1&mobile=2

Write Dual IMEI W G ဆော့ဝဲအား ဒေါင်းလုဒ်ရယူရန်

Adb Driver.exe အား ဒေါင်းလုဒ်ရယူရန်

တစ်ခုသတိထားရမှာက အပေါ်က ဆော့ဝဲနှစ်ခုစလုံးသုံးဖို့ ဖုန်းမှာ Root လိုပါတယ်။ ကွန်ပျူတာကတော့ 64bit ဖြစ်ဖြစ်၊ 32bit ဖြစ်ဖြစ် ရပါတယ်။ ကွန်ပျူတာက Adb Driver သိဖို့လိုပါတယ်။

Adb driver ကိုဒေါင်းပြီး သွင်းပြီးရင် RN 3 SD သမားတွေကတော့
------------------------------------------------------------------------------------------------
စောစောက adb setup.rar ထဲမှာ adb tool ဖိုဒါကိုဖွင့်ပြီး Right click + Shift ကိုနှိပ်ပြီး Open command prompt here ကိုနှိပ်ပါ။ ပေါ်လာတဲ့ Command prompt windows ထဲမှာ adb devices လို့ရိုက်ပြီး Enter ခေါက်ပါ။ connected device မှာ ကိုယ့်ဖုန်းပေါ်လာရင် Redmi Note 3 toolkit app ကို ကွန်ပျူတာနေ Run ပေးပါ။ ESF Tool ထဲကို ဝင်ပါ။ ပြီးရင် သူပြောတဲ့အတိုင်းဆက်လုပ်ပေးပါ။ Success ဖြစ်သွားရင် ဖုန်းကို Reboot ချပေးပါ။ ပြန်တက်လာရင် ရပါပြီ။

WriteDualIMEI app သုံးမယ်ဆိုရင်လည်း အပေါ်ကအတိုင်း Adb mode အနေအထားနဲ့ အရင်ချိတ်ပြီးမှ App ကိုဖွင့်ပါ။ ပြီးရင်  App ထဲမှာ IMEI 1 နဲ့ 2 အကွက်ထဲမှာ ကိုယ့်ဖုန်းရဲ့ IMEI နံပါတ်နှစ်ခုကို ရေးပေးပြီး Start ကို နှိပ်လိုက်ပါ။ IMEI နှစ်ခုက တူနေရင်လည်း နှစ်ကွက်လုံးမှာ ဖြည့်ပြီးမှ Start ကိုနှိပ်ပါ။ ခဏလေးပဲ ကြာတာပါ။ PASS ဆိုပြီး အစိမ်းရောင်အကွက်နဲ့ ပေါ်လာရင် ရပါပြီ။ Reboot ချပေးလိုက်ပါ။ ပြန်တက်လာရင် Dialer ကနေ *#06# ကိုနှိပ်ပြီး IMEI ကို ပြန်စစ်ကြည့်နိုင်ပါပြီ။

No comments:

Post a Comment