မင်္ဂလာပါ။ အရင်က Google ကနေ Android OS တွေမှာ တစ်ခါတည်း ထည့်သွင်းပေးလိုက်တဲ့ ကီးဘုတ်မှာ မြန်မာဘာသာအတွက် စာရိုက်စနစ် ပါဝင်ခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ဇူလိုင်လ ၁၃ ရက်နေ့က ထွက်တဲ့ Playstore က Update မှာတော့ တရားဝင် ထည့်ပေးထားလိုက်ပြီ ဖြစ်ပါတယ်။ ယူနီကုဒ်စနစ်သုံး မြန်မာစာနဲ့ပဲ အသုံးပြုလို့ရမှာပါ။ ပြည်တွင်းမှာ အသုံးများနေတဲ့ ဇော်ဂျီဖောင့်နဲ့ အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ အကျိုးကျေးဇူးအနေနဲ့ နောက်ပိုင်း Android version တွေမှာ ဖုန်းတစ်လုံးကို ဝယ်လိုက်ပြီး ဘူးဖွင့်၊ ပါဝါဖွင့်လိုက်တာနဲ့ ယူနီကုဒ်စနစ်သုံး မြန်မာစာကို လက်တင် ရေးနိုင်ဖတ်နိုင်တော့မှာပဲ ဖြစ်ပါတယ်။ ပြောတာ ရှည်သွားပြီ။
မြန်မာဘာသာလက်ကွက် ပါဝင်တဲ့ Google keyboard ကို အောက်ကလင့်ကနေ ဒေါင်းလုဒ်လုပ်လိုက်ပါ။
ပြီးရင် Settings>> Language and Input>> Select Current keyboard ကနေ Google keyboard ကို ရွေးပေးပါ။
ပြီးရင် Keyboard list ထဲကနေ Google keyboard ကိုနှိပ်ပြီး Settings ထဲ ဝင်ပါ။ Language ထဲမှာ Use system language ကို ပိတ်ပြီး အောက်က List ထဲကနေ English နဲ့ Burmese ကို ဖွင့်ပေးလိုက်ပါ။
Google keyboard နဲ့ အဆင်ပြေပြေ စာရေးလို့ရပါပြီ။
Theme တွေလည်း အများကြီးပါလို့ ကီးဘုတ်ကို စိတ်ကြိုက် အလှဆင်နိုင်မှာပါ။
သတိပြုရမှာက Google က ယူနီကုဒ်စံနှုန်းကို လိုက်နာတဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် စာရိုက်ရင် ယူနီကုဒ်စာစီပုံ၊ စာလုံးသိမ်းပုံအတိုင်းပဲ ဗျည်း၊ ဗျည်းတွဲ၊ သရ ဆိုပြီး ရိုက်ရပါတယ်။
ကောင်း ဆိုတဲ့စာလုံးမှာဆိုရင် ဗျည်း က ကကြီး၊ သရ က ေ ာင်း (က + အောင်း = ကောင်း) ဖြစ်တဲ့အတွက် က + ေ + ာ + င်း = ကောင်း
ကြောင်း မှာဆိုရင် ဗျည်းက ကကြီး၊ ဗျည်းတွဲက ရရစ်၊ သရ က ေ ာင်း ဖြစ်တဲ့အတွက် က + ြ + ေ + င်း = ကြောင်း
No comments:
Post a Comment